တခဏဆက်ဆံမိလို့ ကျယ်သွားတာမျိုးမဟုတ်ပါ။
၂ နှစ် ဆက်တိုက် ကာမဆက်ဆံရင်တော့ မအင်္ဂါကို အတိုင်းအတာတစ်ခုထိ ကျယ်စေတယ်လို့ လိင်စိတ်ကျန်းမာရေးသမားတော် နှင့် ကာမဆေးပညာဆိုင်ရာပါရဂူ ဒေါက်တာ Dr Vijaysarathi Ramanthan က ပြောကြားထားပါတယ်။
အထက်မှာပြောထားတဲ့အတိုင်း ၂ နှစ်ကျော် ပုံမှန်ကာမဆက်ဆံလာရင်တော့ မအင်္ဂါကို အနည်းငယ်ကျယ်လာစေပါတယ်။
ဒါပေမဲ့ မအင်္ဂါကြွက်သားတွေကို နဂိုအတိုင်းဆက်လက်ထိန်းသိမ်းဖို့ တင်ပဆုံကြွက်သားတွေကို တင်းကျပ်စေတဲ့ kegel လေ့ကျင့်ခန်းတွေလုပ်ပြီး ထိန်းသိမ်းနိုင်ပါတယ်။
သို့သော် kegel ကလည်း အတိုင်းအတာတစ်ခုထိသာ အထောက်အကူပြုတယ်ဆိုတာ မှတ်ထားပါ။ လူတစ်ယောက်နဲ့တစ်ယောက် မတူညီသလို မအင်္ဂါတွေလည်းမတူညီကြပါဘူး။
ဒါကြောင့် kegel လေ့ကျင့်ခန်းက မအင်္ဂါကျဉ်းကျပ် လာအောင် ဘာလောက်ထိအထောက်အကူပြုတယ်၊ ဒါမှမဟုတ် ကာမဆက်ဆံမှုက ဆန့်နိုင်ကျုံ့နိုင်မှုကို ဘယ်လောက်ထိသက်ရောက် စေတယ်ဆိုတာကတော့ တစ်ယောက်နဲ့တစ်ယောက်မတူညီနိုင်ပါဘူး။
အချိန်အကြာကြီး ကာမ မဆက်ဆံရင်လည်း သင့်ရဲ့မအင်္ဂါ ရုတ်တရက်ကျဉ်းကျပ်လာမှာ မဟုတ်ပါဘူး။ တကယ်တော့ ယောက်ျားအင်္ဂါ ထည့်တဲ့အခါ အခက်အခဲကြုံရပါက မအင်္ဂါအရည်ထွက်မှု မရှိခြင်း ဒါမှမဟုတ် စိုးရိမ်စိတ် စတဲ့ လက္ခဏာနှစ်ရပ်ကြောင့် ဖြစ်ပါ လိမ့်မယ်။ မအင်္ဂါအရည်ထွက်မှု မရှိပါက ကာမဆက်ဆံချိန်နာကျင်ရမှာဖြစ်ပြီး (ခန္ဓာကိုယ်စွမ်းဆောင်မှု ဒါမှမဟုတ် တခြားလိင်ပိုင်း ဆိုင်ရာ ချို့ယွင်းမှုကြောင့်ဖြစ်တဲ့) စိုးရိမ်စိတ်ဟာ မအင်္ဂါကို ကျဉ်းကျပ်စေပြီး ကျားအင်္ဂါ ထည့်သွင်းမှုကို အခက်ဖြစ်စေပါတယ်။
ဒီလိုဖြစ်ရပ်မျိုးတွေက
ကာမ မဆက်ဆံတာကြာရင် မအင်္ဂါကျဉ်းကျပ်စေတယ်ဆိုတဲ့ အတွေးမှားတွေကို ဖြစ်ပေါ်စေပါတယ်။ ဒီအတွက် အဖြေကတော့ ကာမမဆက်ဆံမီ တစ်ယောက်နဲ့တစ်ယောက် မြူဆွယ်ပေးပါ။ အဲလိုမြူဆွယ်ပေးတဲ့အတွက် အရည်တွေကျလာမှာ ဖြစ်ပြီး ကျားအင်္ဂါထည့်သွင်းရတာ လွယ်ကူပါလိမ့်မယ်။ အမျိုးသမီးများဟာ ကာမ မဆက်ဆံဘဲနေစဉ်မှာ မိမိဘာသာမဖြေပေးပါက မအင်္ဂါခြောက်ကပ်ပြီး အချစ်ရည်လူးတဲ့အခါ အဆင်မပြေ ဖြစ်ပါလိမ့်မယ်။ အကောင်းဆုံနည်းလမ်းကတော့ ချောဆီသုံးပြီး ဒီလိုမျိုးအခြေအနေတွေကို ကျော်ဖြတ်လိုက်ပါ။
#Credit to:1.Original Uploader
2.Thehealthsite
3.လိင်ပညာပေး
No comments:
Post a Comment